အာရောဂျံ လူမှုကူညီရေးအသင်းကြီး

အာရောဂျံ လူမှုကူညီရေးအသင်းကြီး၏ "မွန်မြတ်လှစွာသော လူ့အသက်ကယ်တင်ခြင်း အလှူတော်ကြီးတွင် သင်လည်း ဝေစု ပါဝင်နိုင်ပြီ"

This is default featured slide 2 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 3 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 4 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 5 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.



Monday, June 25, 2012

ကံတရား၏ အကျိုးပေးချိန်သဘောသဘာဝ-မင်းနန် (မော်ကျွန်း)


ကောင်းမှုပြုသော သူပင်ဖြစ်သော်လည်း မိမိပြုသော ကောင်းမှုအကျိုးမပေးသေးသမျှ မကောင်း ကျိုး နှင့် တွေ့ ရသေး၏။ ကောင်းမှုအကျိုးပေးသော အခါ ထိုကောင်းမှုပြုသောသူသည် ကောင်းကျိုးချမ်း သာနှင့် တွေ့ရ၏။
မကောင်းမှုပြုသော သူပင်ဖြစ်သော်လည်း၊ မိမိပြုသော မကောင်းမှုအကျိုးမပေးသေးသမျှ ကောင်း ကျိုး နှင့် တွေ့ရသေး၏။ မကောင်းမှုအကျိုးပေးသော အခါ ထိုမကောင်းမှုပြုသောသူသည် မကောင်းကျိုး ဆင်း ရဲဒုက္ခနှင့်တွေ့ရ၏။
(ဓမ္မပဒ၊ ပါပ၀ဂ်)
ဗုဒ္ဓဘာသာဝင်တို့သည် ရတနာသုံးတန်နှင့် ကံ၊ ကံ၏ အကျိုးကို ငုတ်စိုက်ကျောက်ချသည့်ပမာ ခိုင်ခိုင်မြဲမြဲ စွဲစွဲနစ်နစ်ယုံကြည်ရပါသည်။ ရတနာမြတ် သုံးပါးကို နှစ်နှစ်ကာကာယုံကြည်မှုမရှိသော် ဗုဒ္ဓဘာ သာဝင် စစ် စစ်မဖြစ်နိုင်သကဲ့သို့ ကံ-ကံ၏အကျိုးကို ခိုင်ခိုင်မာမာယုံကြည်မှုမရှိလျှင်လည်း ဗုဒ္ဓဘာသာဝင် စစ်စစ် မဖြစ်နိုင်ပါ။''ကံကိုသာ အနှစ်သာရအားဖြင့် ယုံကြည်ခြင်း''သည်၊ အထက်တန်းစား ဗုဒ္ဓဘာသာဝင် တို့၏ သွင်ပြင်လက္ခဏာတစ်ရပ်ဖြစ်ပါ၏။ ဗုဒ္ဓဘာသာ ၀င်တစ်ဦးအနေဖြင့် ကံ-ကံ၏အကျိုးကို ယုံကြည်မှု သည် အရေးကြီးသောကြောင့်၊ အလှူမင်္ဂလာပွဲများ တွင် သံဃာတော်အရှင်မြတ်ကြီးများက အလှူရှင်အား ရေ စက်ချဆိုရိုးကို ချပေးရာ၌-
''ကမ္မÍ္ဇ-ကံကိုလည်းကောင်း၊ ကမ္မဖလÍ္ဇ- ကံ၏ အကျိုးကိုလည်းကောင်း၊ ရတနတ္တယဂုဏÍ္စ- ရတနာသုံးပါး တို့၏ ဂုဏ်ကျေးဇူးကိုလည်းကောင်း၊ သဒ္ဓမိတွာ-ယုံကြည်ကြပါကုန်သည်''ဟူ၍ ဆိုချပေး လေ့ရှိပါသည်။
ဗုဒ္ဓမြတ်စွာဘုရားကို ကိုးကွယ်ဆည်းကပ် သူတစ်ဦးအနေဖြင့် ပြုလုပ်အပ်သော ကံသည်ရှိ၏။ ထို ပြုလုပ် ခြင်းမှ ထွက်ပေါ်လာသော ကံ၏အကျိုးသည် ဧကန်ရှိ၏ဟု ယုံကြည်ထားဖို့ လိုအပ်ပါ၏။ ကံနှင့်ကံ၏ အကျိုး ကို ယုံကြည်ခြင်းသည် မှန်သော အယူအမြင် ဖြစ်ပါ၏။ သမ္မာဒိဋ္ဌိဖြစ်ပါ၏။ ကံနှင့်ကံ၏အကျိုးကို မယုံကြည်ခြင်းသည် မှားသော အယူအမြင်ဖြစ်ပါ၏။ မိစ္ဆာဒိဋ္ဌိဖြစ်ပါ၏။
ဗုဒ္ဓဘာသာဝင်တစ်ဦးအနေဖြင့် ကံ-ကံ၏ အကျိုးကို ယုံကြည်သည်ဆိုရာတွင် ကံ၏ သဘော သဘာဝကို သိဖို့လိုသလို ကံအကျိုးပေးမှု၏ သဘော သဘာဝကိုလည်း သိရှိနားလည်ထားသင့်ပါသည်။ နိ ယာမ ဒီပနီတွင် ကျေးဇူးရှင်လယ်တီဆရာတော်ကြီးက ''ကံသည် အထွေထွေအပြားပြားအလွန်များ၏။ ပြော ဖွယ် သိဖွယ်အလွန်ကျယ်၏''ဟု ရေးသားတော်မူခဲ့ပါ သည်။

ကံဟူရာတွင် 'အတိတ်ကံ'နှင့် 'ပစ္စုပ္ပန်ကံ' ဟူ၍ရှိပါ၏။ ဤသို့ ကံနှစ်ကံရှိရာတွင် ကံအကျိုးပေး နှင့် စပ်လျဉ်းလျှင် 'ပစ္စုပ္ပန်ကံ'ရော 'အတိတ်ကံ'ကိုပါ ယူရပါသည်။ ဆိုရသော် လူတစ်ဦး၏ ဘ၀အကျိုးပေး သည် 'ပစ္စုပ္ပန်ကံ'တစ်ခုတည်းအပေါ်၌သာ တည်မှီ မနေဘဲ အတိတ်ကံအပေါ်၌လည်း တည်မှီပါသည်။ လက်တွေ့အားကိုးအားထားပြုရာတွင်မူ ပြုပြင်ပြောင်း လဲခြင်းငှာ မစွမ်းသာတော့သော အတိတ်ကံထက် ပစ္စု ပ္ပန်ကံကိုသာ အားကိုးအားထားပြုရပေသည်။ ပြုခဲ့ပြီး၊ ဖြစ်ခဲ့ပြီးသော အတိတ်ကံကို မျက်မှောက် ဘ၀တွင် မိမိ အနေဖြင့် ဖန်တီးပြုပြင်၍ မရတော့။ သို့ဖြစ်၍ လက် ဆုပ်လက်ကိုင်ရှိနေသော ပစ္စုပ္ပန် ကံကိုသာ အစွမ်းကုန် ကောင်းသည်ထက်ကောင်းအောင် ဆောင်ရွက်ရပေ လိမ့်မည်။

မျက်မှောက် ဘ၀တွင် ပစ္စုပ္ပန်ကံကိုသာ အားကိုးအားထားပြုရမည်မှန်သော်လည်း၊ ပစ္စုပ္ပန်ဘ၀ ကံအကျိုး ပေးနှင့် စပ်လျဉ်းသော် ပစ္စုပ္ပန်ကံသက် သက်တစ်ခုတည်းအပေါ်တွင်သာ ကြည့်ရှုသုံးသပ်လျှင် မူ မပြီး ပြည့် စုံပါ။ အတိတ်ကံနှင့်ပစ္စုပ္ပန်ကံပေါင်းစပ် အကျိုးပေးသော ကံ၏ သဘောသဘာဝကို ဥာဏ်နှင့် ယှဉ် ၍ ဆင်ခြင်တတ်ဖို့ လိုပါသည်။

ကောင်းတာလုပ်သော်ကောင်းတာဖြစ်မည်၊ မကောင်းတာလုပ်သော် မကောင်းတာဖြစ်မည်ဟူ၍ မြန်မာ ဗုဒ္ဓဘာသာဝင်အများစုက ယေဘုယျအားဖြင့် ယုံကြည်လက်ခံထားတတ်ကြပါ၏။
သို့တစေ အချို့ သောသူများသည် ကိုယ်ကျင့်သိက္ခာကောင်းမွန်၏။ ကောင်းမှုသုစရိုက်များကို ပြု၏။ မိစ္ဆာအာဇီဝမှုဖြင့် စီးပွားမရှာ။ သူတစ်ပါးတို့၏ အကျိုးစီးပွားကို ထိခိုက် အောင် မည်သည့်အခါမျှမပြု။ ထိုသို့ ကောင်းမှုတွေ ပြုနေလင့်ကစား ခါးသီးသော အဆိုးလောကဓံနှင့် ကြုံတွေ့ရခြင်းမျိုးဖြစ်တတ်ပါ၏။ ဤသို့သော အဖြစ် မျိုး မိမိကိုယ်တိုင် ကြုံတွေ့ရသည်ဖြစ်စေ၊ သူတစ်ပါး တို့ ကြုံဆုံရသည်ကို တွေ့ ရ သော အခါဖြစ်စေ၊ ကောင်း တာလုပ်လျှင် ''ကောင်းတာဖြစ်တာ အလကားပါ။
ကောင်းတာလုပ်နေရင်းက ဒုက္ခတွေနဲ့ ရင်ဆိုင်နေရ တာပဲ''ဟူသော အတွေးမျိုးဝင်တတ်ပါ၏။ ကံ-ကံ၏ အကျိုးအပေါ် သံသယ၀င်လာတတ်ပါ၏။ ကံ-ကံ၏ အကျိုးအပေါ် ယုံကြည်သက်ဝင်မှု ယိုင်နဲ့အားပျော့ လာတတ်ပါ၏။ အမှန်တော့ ထိုသူတို့သည် ကံ၏အကျိုး ပေးမှုနှင့်ပတ်သက်လျှင် ပစ္စုပ္ပန်ကံ တစ်ခု တည်း အပေါ် ၌သာ ကြည့်သော အစွန်းတစ်ဖက်ကို တက်နင်းမိခြင်း ပင်ဖြစ်ပါ၏။ ကံအကျိုးပေးအပေါ် ယုံ ကြည် မှု နှင့် ပတ် သက်၍ အစွန်းနှစ်ဖက်ရှိပါ၏။ ကျန်အစွန်းတစ်ဖက် မှာ ဖြစ်ဖြစ်သမျှ တွေ့ကြုံ ရင် ဆိုင်ရသော လောကဓံ အကောင်းအဆိုးဟူသမျှ 'အတိတ်ကံ'ကြောင့်ချည်းဟု အတိတ် ကံတစ်ခု တည်း အပေါ် ပုံချခြင်းပင်ဖြစ်ပါ၏။
အမှန်စင်စစ် အတိတ်ကံတွင် အကောင်းရှိ သလို အဆိုးလည်းရှိသည်။
ယင်းအတိတ်ကံကောင်း၊ အတိတ်ကံဆိုးတွင်ပင် အားကြီးသော ကံ၊ အားသေးသော ကံဟူ၍ရှိသည်။ ဆိုရသော် အတိတ်ကံကောင်းတွင် အားကြီးသော အတိတ်ကံကောင်း၊ အားသေးသော အတိတ်ကံကောင်းဟူ၍ ရှိသလို အတိတ်ကံဆိုးတွင် လည်း အားကြီးသော အတိတ်ကံဆိုး၊ အားသေးသော အတိတ်ကံဆိုးဟူ၍ရှိသည်။
ထိုနည်းအတူ ပစ္စုပ္ပန်ကံ တွင်လည်း အားကြီးသော ပစ္စုပ္ပန်ကံကောင်း၊ အား သေးသော ပစ္စုပ္ပန်ကံကောင်း၊ အားကြီးသော ပစ္စုပ္ပန် ကံဆိုး၊ အားသေးသော ပစ္စုပ္ပန်ကံဆိုးဟူ၍ရှိပါသည်။
ထိုသို့ရှိရာတွင် ပစ္စုပ္ပန်ကံကောင်းဖြစ်စေ၊ အတိတ်ကံကောင်းဖြစ်စေ ကောင်းကျိုးပေးရာ၌ အချိန် ကာလကွာခြားမှုရှိသည်။ ထိုနည်းအတူ ပစ္စုပ္ပန်ကံဆိုး ဖြစ်စေ၊ အတိတ်ကံဆိုးဖြစ်စေ ဆိုးကျိုးပေးရာ၌ အချိန် ကာလကွာခြားမှုတွေရှိပါသည်။ ချက်ချင်းအကျိုးပေး သော ကံတွေလည်းရှိ၏။ နှစ်အတန်ကြာမှအကျိုးပေး သော ကံတွေလည်းရှိ၏။ နောင်ဘ၀ကျမှ အကျိုးပေး သော ကံတွေလည်းရှိ၏။

ကံအကျိုးပေးချိန်နှင့် စပ် လျဉ်း၍ ကျေးဇူးရှင်တောင်တန်းသာသနာပြုဆရာတော် ကြီးဦးဥတ္တမသာရက-
''ကံတရားဟူသည် အချိန်နှင့်လိုက်၍အကျိုး ပေးသည်။ ယနေ့ပြုထားသော ကံသည်ပြုထားသူအား နောင်တစ်ချိန်တွင် အခါအခွင့်သင့်တိုင်း ထိုကံတို့က အကျိုးပေးရန် ဆိုက်ရောက်လာပေလိမ့်မည်။ မိုးဦးက စိုက်ပျိုးထားသော သစ်ပင်သည် မိုးလယ်တွင် စားသုံး ရသည်လည်းရှိ၏။ မိုးနှောင်းကာလမှ စားသုံးရသည် လည်းရှိ၏။ ထိုနှစ်တွင် မစားသုံးရသေးဘဲ နှစ်နှစ် သုံး နှစ်ကြာမှသော်လည်းကောင်း၊ ဆယ်နှစ်ကြာမှသော် လည်းကောင်း စားသုံးကြရသော အပင်မျိုးလည်းရှိ၏။ ကံတရား၏ အကျိုးပေးချိန်သည် ထိုသဘာဝနှင့်ထပ် တူဖြစ်၏။ သတ္တ၀ါတိုင်းမှာ ကံတရားအခြေအနေဆို သည်က တစ်ဖြောင့်တည်းသွားနေနိုင်ခြင်းမရှိပါ။ ခေါက်ရှာငှက်ပျံသကဲ့သို့ နိမ့်ချည်မြင့်ချည်ဖြစ်လေ့ရှိ ကြသည်''ဟူ၍ မိန့်တော်မူခဲ့ပါ၏။
ကံအကျိုးပေးမှုသဘောသဘာဝအကြောင်း ကို ကျေးဇူးရှင်ဓမ္မဒူတအရှင်ပညာဇောတဆရာတော် ကြီးက-
''ကုသိုလ်ရဲ့ အကျိုးပေးကလဲ ရုတ်တရက် ချက်ချင်းကြီး မပေးသေးဘူး။ ရင့်ကျက်မှပေးတဲ့ကံဆို တာရှိတယ်။ မရင့်ကျက်သေးဘဲ အကျိုးပေးတဲ့ကံဆို တာလဲရှိတယ်။ တချို့ကုသိုလ်တွေအပေါ် မယုံမကြည် ဖြစ်လာတတ်တာက ငါတို့ကုသိုလ်တွေလုပ်နေလျက် နဲ့ ကောင်းကျိုးပေးတယ်ဆိုပြီး ဘယ်မှာလဲ။ မပေးပါ လား။ တော်ပြီ မလုပ်တော့ဘူး။ ပင်ပန်းရုံပဲရှိတယ်။ ဘာမှလဲ အကျိုးမပေးဘဲနဲ့ ဘာလုပ်ရမှာလဲလို့''မယုံ ကြည်ဘဲ လက်လျှော့လိုက်တတ်တယ်။
ကုသိုလ်မလုပ်ဘဲ နေရုံတင်မကဘဲ အကု သိုလ်ဘက် ပါသွားတတ်တယ်။ ဒီလိုဆိုရင်တော့ မိမိ တို့ ရှုံးပြီ။ ကံရဲ့သဘာဝက အကျိုးပေးချိန်တန်မှ အကြောင်းညီညွတ်မှစုံမှ အကျိုးပေးတာ။ အဲဒါကို ကိုယ်က မသိတဲ့အခါကျတော့ ကုသိုလ်ပေါ်မှာလည်း မယုံကြည်ဖြစ်ပြီး စွန့်ပယ်တတ်တယ်။ အကုသိုလ်ပေါ် မှာလည်း ရဲရဲတင်းတင်းပြုရဲသွားတတ်တယ်။ အဲဒါဆို မှားပြီ။ အဲဒါသဘောပေါက်ရမယ်''ဟူ၍ ရေးသား တော်မူခဲ့ပါသည်။
ကုသိုလ်ကံ အကုသိုလ်ကံဟူသည် အခွင့်ရ သောအခါ ၀င်ပြီး အကျိုးပေးတတ်ကြောင်းကို ကျေး ဇူးရှင် အရှင်ဇနကာဘိဝံသဆရာတော်ကြီးက ဤသို့ မိန့်တော်မူခဲ့ဖူးပါ၏။
''ကုသိုလ်ကံ အကုသိုလ်ကံအကျိုးပေးတယ် ဆိုတာ ဓာတ်သတ္တိအရှိန်အ၀ါတွေ မပျက်ဘဲ ပါလာ ပြီးတော့ အခွင့်ရတဲ့အခါဝင်ပြီး အကျိုးပေးတာ။ အကု သိုလ်ကံအကျိုးပေးနေတဲ့အခိုက်မှာ ကုသိုလ်ကံတွေ က ဘေးဖယ်နေကြတယ်။ ကောင်းတဲ့ကံ၊ မကောင်းတဲ့ ကံဆိုတာတွေဟာ ပြုလုပ်ပြီးလို့ အထမြောက်ပြီးက တည်းက အကျိုးပေးဖို့ စောင့်မျှော်နေသလိုဖြစ်တော့ တယ်'' ပစ္စုပ္ပန်တွင် ကံကောင်းတွေ လုပ်နေလင့်ကစား၊ ထိုကံကောင်းတွေ အကျိုးပေးခွင့်မသာသေးခင်မှာပင် ရှေးဘ၀က ပြုခဲ့သည့် ကြီးမားသော အတိတ်ကံဆိုး က ၀င်ရောက်အကျိုးပေးတတ်ပါ၏။ ထိုသို့သောအခြေ အနေမျိုးတွင် ကောင်းတာလုပ်နေသည့်တိုင် ကောင်း ကျိုးတွေနှင့် မတွေ့ကြုံရခြင်းဖြစ်တတ်ပါသည်။ အမှန် စင်စစ် အတိတ်ကံနှင့်ပတ်သက်သော် မိမိ၏ အတိတ် ကံ မည်သို့ရှိခဲ့သည်ကို မိမိမသိနိုင်ပါ။ သူတစ်ပါး၏ အတိတ်ကံ မည်သို့ရှိသည်ကိုမူ ပို၍ပင်မသိနိုင်ပါ။

သို့ဖြစ်သောကြောင့် ကောင်းတာလုပ်နေ သူတစ်ဦး မကောင်းကျိုးပေးနေသည်ကို တွေ့မြင်ရ သောအခါ ပစ္စုပ္ပန်ကံသက်သက်ကို မကြည့်မူလျက် ''သြော်-သူ့ခမျာ ကောင်းတာတွေလုပ်နေရှာသော် လည်း အတိတ်ကံဆိုး အကျိုးပေးချိန်နှင့် ကြုံဆုံနေ ပါကလား''ဟုသာ မှတ်ထင်သင့်ပါသည်။ ထို့အတူ မကောင်းတာလုပ်နေသူတစ်ဦး ကောင်းကျိုးပေးနေ သည်ကို တွေ့မြင်ရသောအခါ ပစ္စုပ္ပန်ကံသက်သက် ကို မကြည့်မူလျက် ''သြော်-သူက ပစ္စုပ္ပန်မှာ မကောင်း တာလုပ်နေပေမယ့် ရှေးဘ၀က ကံကောင်းတွေ အကျိုး ပေးချိန်နဲ့ ကြုံဆုံလို့ ကံကောင်းနေပါသလား''ဟု နှလုံး သွင်းသင့်ပါသည်။
မိမိကိုယ်တိုင်လည်း ကောင်းတာ တွေလုပ်နေပါလျက် မကောင်းတာတွေနဲ့ ကြုံဆုံနေ သော် မိမိ၏ အတိတ်ကံဆိုးက အားကောင်းမောင်း သန်အကျိုးပေးချိန်နှင့် ကြုံဆုံနေပြီဟုသာ ယုံကြည်သင့်ပါသည်။ ကံနှင့်ကံ ၏အကျိုးအပေါ်ကိုမူ မည်သည့်နည်းနှင့်မျှ သံသယ မ၀င်သင့်ပါ။ မယုံမကြည် မဖြစ်သင့်ပါ။
ကောင်းတာလုပ်သော် ကောင်းကျိုးပေး မည်။ မကောင်းတာလုပ်သော် မကောင်းကျိုးပေးမည်။ စေတနာမြောက်သော ကံသုံးပါးမှန်သမျှ အဟော သိကံမဖြစ်။ အချည်းနှီးမဖြစ်။ အချိန်တန်သောအခါ တူသောအကျိုးပေးမည်သာဖြစ်ပါသည်။ ဤသည်နှင့် စပ်လျဉ်း၍ ကျေးဇူးရှင် ဓမ္မဒူတအရှင်ပညာဇောတ ဆရာတော်ကြီးက-
''ကံတစ်ခုကို လုပ်မိရင် အကျိုးသုံးပိုင်းပေး တတ်ပါတယ်။ ဆိုပါတော့။ အကုသိုလ်ကံတစ်ခုလုပ် မိရင် အဲဒီအကုသိုလ်ကံက မျက်မှောက်မှာလဲ ဒုက္ခ ပေးတတ်ပါတယ်။ မပေးရင် တတိယဘ၀က နိဗ္ဗာန် ရောက်သည့်တိုင်အောင် အခါအခွင့်သင့်တဲ့ဘ၀မှာ အကျိုးဒုက္ခပေးပါတယ်။
ကုသိုလ်ကံလည်း မျက်မှောက်သုခ၊ နောက် ဘ၀သုခ၊ တတိယဘ၀ကနေ လျှောက်ပြီး နိဗ္ဗာန်ရောက် သည့်တိုင်အောင် လျော်တဲ့ဘ၀မှာ သုခပေးပါမယ်။ အကုသိုလ်ကံကို နိုင်တာဟာ ကုသိုလ်ကံပါ''ဟု မိန့် တော်မူခဲ့ပါ၏။
သို့ဖြစ်သောကြောင့် ပစ္စုပ္ပန်တွင် မကောင်း တာလုပ်နေလင့်ကစား ကောင်းတာတွေဖြစ်နေသည် မှာ အမြဲမရှိနိုင်။ ခဏတာကာလကို ကြည့်ပြီး ''မ ကောင်းတာလုပ်နေလဲ ကောင်းတာတွေ ဖြစ်နေတာပဲ'' ဟု မှတ်ချက်မချမူလျက် ရေရှည်တစ်ဘ၀တာကာလ ကို စောင့်ကြည့်ရန် လိုပါလိမ့်မည်။ ရှေးအတိတ်ကံ ကောင်းအကျိုးပေးချိန်ကုန်ဆုံးသောအခါ ပစ္စုပ္ပန်တွင် ပြုသည့် မကောင်းသော ကံက မကောင်းကျိုးပေး လိမ့်မည်မှာ အသေအချာသာဖြစ်ပါသည်။ ထို့အတူ ကောင်းတာလုပ်နေသော်လည်း မကောင်းတာတွေ ဖြစ်နေသည်မှာ ခေတ္တခဏသာဖြစ်ပါလိမ့်မည်။ ရှေး အတိတ်ကံဆိုး အကျိုးပေးချိန်ကုန်ဆုံးသောအခါ ပစ္စုပ္ပန် တွင် ပြုသည့် ကောင်းသောကံက အကျိုးပေးမည်မှာ ယုံမှားဖွယ်မရှိပါချေ။
ကံတရား၏ အကျိုးပေးချိန်သဘော သဘာဝကို မှန်ကန်စွာ နားလည်သဘောပေါက်ပြီး ကံအကျိုးပေးအပေါ် စဉ်းငယ်မျှ သံသယမ၀င်မူလျက် ပစ္စုပ္ပန်အချိန်တိုင်း အချိန်တိုင်းတွင် ကောင်းသောကာ ယကံမှု၊ ၀စီကံမှု၊ မနောကံမှုများကို ပြုခြင်းအားဖြင့် ဘ၀ကောင်း ဘ၀မွန်တစ်ခုကို လှလှပပတင့်တင့်တယ် တယ်ပုံဖော်ထုဆစ်သွားသင့်ပါသည်။ ။


မင်းနန် (မော်ကျွန်း)

Saturday, June 23, 2012

လူနာတင်ယာဉ်ဖြစ်မြောက်ရေးအဖွဲ့ဖွဲ့စည်း



မော်လမြိုင်ကျွန်းမြို့ပေါ်တွင် ဒေသခံများ အရေးပေါ်အသုံးပြုရန် လူနာတင်ယာဉ်တစ်စီး ဝယ်ယူလှူဒါန်းရန် မြို့သူမြို့သားအချို့ ဖွဲစည်းလုပ်ဆောင်နေကြောင်းသိရသည်။
 ဖြစ်မြောက်ရေးအဖွဲ့ဝင်များ ယာယီငွေစိုက်ထုတ် လူနာတင်ယာဉ်ဝယ်ယူပြီးမှ အလှူငွေများလက်ခံမည်ဖြစ်ကြောင်း၊ လူနာတင်ယဉ်ဝယ်ယူပြီးနောက် အများပြည်သူ အခမဲ့သုံစွဲနိုင်ရန်နှင့် ယဉ်မောင်း၊ ယဉ်နောက်လိုက်များကို အဖွဲ့မှလစဉ် လစာထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း၊ လူနာ တင်ယဉ်အသုံးပြုသည့်လူနာရှင်များထံမှ ငွေကြေးတစ်စုံတရာ ရယူခြင်းမျိုး ခွင့်မပြုကြောင်းဖြစ်မြောက်ရေးခေါင်းဆောင် ဦးဌေးစိန်နှင့် ဦးငြိမ်းမောင် တို့ကပြောကြားသည်။
              မော်လမြိုင်ကွန်း မြို့တွင် နာဂစ်ဒဏ်ကြောင့် လူအများ၊ပစ္စည်း၊ အိုးအိမ်များ သေကျေဆုံးရူံးခဲ့ပြီးနောက် အများအကျိုးဆောင်ရွက် သည့်အဖွဲ့များ ပေါ်ပေါက်လာရာ ပစ္ဆိမာရုံ ကျောင်းတိုက်ဆရာတော် ဦးစီးသော ဗေသဇ္ဇဒါန အခမဲ့ကျန်းမာရေးစောင့်ရှောက်မှုအဖွဲ့အပြင် အဖြူရောင် နှလုံးသား ကျန်းမာရေးစောက်ရှောက်မှုအဖွဲ့၊ ဇိဝိနြေ္ဒ အောက်ဆီဂျင် အခဲမဲ့ပေးလှူသည့်အဖွဲ့များရှိနေသဖြင့်ဆင်းရဲနွမ်းပါးသူများ၏ ကျန်းမာရေးတွင် တစ်ဖက်တစ်လမ်းမှ အထိုက်အလျောက် ကူညီရာရောက်ကြောင်း၊ နာဂစ်ဒဏ်ခံပြီးနောက် မြို့နယ်ပြည်သူဆေးရုံကို ခုတင် ၅၀ အဆင့်မှ ခုတင် ၁၀၀ အဆင့်တိုးမြှင့်ပေးပြီး ရာဇူဒိုင်တံတားအမှတ်(၂)အနီး အသစ်တည်ဆောက် ဖွင့်လှစ်ခဲကြောင်း၊ နိုင်ငံတကာအကူအညီဖြင့် ဆေးရုံးသုံးလူနာတင်ယာဉ် တစ်စီး ရောက်ရှိအသုံပြုနေကြောင်း၊ ဆေးရုံမှာမြို့နှင့် နှစ်မိုင်ဝန်းကျင် ကွာဝေးနေရာ မြို့တွင်းနေလူအများ ဆေးရုံရှိလူနာတင်ယဉ်အသုံးပြုရန် အခက်များရှိနေကြောင်း ဒေသခံများမှ ပြောသည်။
                 ဖေဖော်ဝါရီလလယ်ပိုင်းက ဆေးရုံသို့ ဆိုက်ကားဖြင့်သွားရောက်သည် မွေးလူနာ လမ်းမှာပင် မွေးဖွားမှုမျိုးကြုံခဲရကြောင်း၊ သို့ဖြစ်သည့်အတွက် လူနာတင်ယဉ်ဝယ်ယူပြီးချိန်တွင် အလှူငွေများ စတင်လက်ခံမည်ဖြစ်ရာ အဝေရောက် မြို့သူမြို့သားများနှင့် စေတနာရှင်များအနေဖြင့် ဦးဌေးစိန် ဖုန်း ၀၉-၈၅၉၈၉၉၄ နှင့်ဦးငြိမ်းမောင် ဖုန်း ၀၉-၄၉၇၂၉၀၀၃ သို့ ဆက်သွယ် နိုင်ကြောင်းသိရသည်။
                                   
                                                                                                                            ပိုင်စေအောင်(ရွှေကျွန်း)

ဘကြီးအောင်ညာတယ်


“အရှေ့ကျောင်းသား သူတောင်းစား၊ လည်ပေါ်ကျောင်းသား အကောင်းစား၊ ကျောက်မီးသွေးမို့မည်းသကို၊ တို့ကျောင်းသားမို့ ရဲသကို၊ ဟေ့လာမောင်ရို့ ဝါး” ဟု အားရပါးရ ဆူညံစွာအော်ဟစ်ပြေးလွှားလာကြသော ကလေးတစ်စုသည်ကား လည်ပေါ်ဘုန်းကြီးကျောင်းသားကလေးများ ဖြစ်ကြ၏။ ၄င်းတို့၏ ကျောဘက် တင်းချလယ်တစ်ကွက်လောက် အကွာတွင်ချည်လုံချည်ကို ပျာတာကွင်းသိုင်း၍ သင်တိုင်းအင်္ကျီကို လျော့ရိလျော့ရဲဝတ်လျက် ခေါင်းငိုက်စိုက်နှင့်တစ်လှမ်းချင်း လာနေသော မောင်ချစ်သည် “ဧဝံ မေသုတံ ဧကံ သမယံ”ဟု တတွတ်တွတ်ရွတ်လျက်ရှိ၏။ ဆေးတစ်အိုးကျွမ်းလောက်အကြာတွင် အရှေ့သို့ လှမ်းကြည့်လိုက်ရာ ပန်းပုဆရာကြီး ဦးအောင်ချာ၏ ကနားဖျင်းတဲ၌ ကျောင်းသားသူငယ်ချင်းများ ဝိုင်းအုံနေသည်ကို တွေ့ရလေ၏။ မိမိသည်လည်းအကြောင်းကို သိလိုသောကြောင့် ပြေးသွားတိုးဝင်ကြည့်ရှုလေ၏။

ဦးအောင်ချာသည် ဆင်စွယ်မင်းသမီးရုပ်ကလေးတစ်ခုကို ထုလျက်ရှိ၏။ ထုလုပ်စဖြစ်၍ ရုပ်လုံးပေါ်ရုံမျှပင် ရှိသေးသော်လည်း အရုပ်ကလေးမှာ နွဲ့နှောင်းဖြူဖွေးချစ်စရာကလေးဖြစ်ပေ၏။ အတန်ကြာသောအခါ မောင်ထွေး၊ မောင်ခွေး၊ ဘိုးစ၊ ဘိုးလှ တို့တစ်စု ထပြန်သွားလေ၏။ မောင်ချစ်ကား မြေကြီးပေါ်တွင် ဒူးထောက်၍ ကွပ်ပျစ်ခါးပန်းတွင် မေးတင်ပြီးလျှင် အငေးသားကြည့်လျက်ပင်ရှိသေး၏။

“ဘကြီးအောင်၊ ဒီမင်းသမီးရုပ်ကလေးကို ဘယ်သူ့ပေးဖို့ ထုနေတာလဲ ဟင်” ဟု မျက်စိကလေး ပေကလပ်လုပ်၍ မေးလေ၏။ ဆောက်ပုတ်နှင့် ဆောက်ကလေးကို အသာချ၍ ဆောက်ပုံးထဲတွင် ဆေးလိပ်တိုစမ်းနေသော ဦးအောင်ချာက “ငါ့တူလိုချင်လို့လား၊ ငွေတစ်ကျပ်ယူခဲ့ရင် ဘကြီးပေးမယ်သိလား”ဟု အမှတ်မဲ့ ပြောလိုက်သောအခါ မျက်မှောင်ကြုတ်ရင်းခေါင်းကုတ်လျက် “ငွေတစ်ကျပ်ဆိုတာ ဘယ်နှစ်ပြားလဲ ဘကြီးအောင်ရဲ့”ဟု မေးပြန်လေ၏။ ပန်းပုဆရာကြီးလည်း ဆေးလိပ်ကိုချ၍ လက်ဝါးနှစ်ဖက်ကိုထောင်ပြလျက် “ဆယ်ပြား၊ ဆယ်ပြား ခြောက်ခါ။ နောက်ပြီးတော့ လေးပြားထည့်။ ပေါင်း ခြောက်ဆယ်နဲ့လေးပြား။ အဲသလောက်ကိုတစ်ကျပ်ခေါ်တယ်၊ ကြားလား”ဟု ကလေးသူငယ်များကို ချစ်ခင်သောဝါသနာရှိသည့်အတိုင်း စိတ်ရှည်လက်ရှည် ခြေဟန်လက်ဟန်နှင့် ရှင်းလင်းပြောပြလေ၏။ “ခြောက်ဆယ့်လေးပြားပေးရင် ကျွန်တော် ဒီအရုပ်ကလေးကို တစ်ကယ်ပဲရမလား။ နောက်တော့မညာနဲ့နော် ဘကြီးအောင်” ဟု ပြောရင်း သျှောင်ဆံမြိတ်လေးကို ချာချာလည်အောင် ပတ်ရစ်လျက် အိမ်ရှိရာသို့ ရွှင်လန်းဝမ်းမြောက်စွာ ခုန်ပေါက်ပြေးလွှားသွားလေ၏။

မောင်ချစ်သည် နေ့လည်ချိန် ကျောင်းတွင် မုန့်ဝယ်စားဖို့ရန် မိခင်ပေးလိုက်သော တစ်ပြား တစ်ပြားသော အသပြာကို မသုံးရက်၊ မစွဲရက်ဘဲ အင်္ကျီ သင်ပုန်းခေါင်းတွင် အပေါက်ငယ်ဖောက်၍ စုထားသည်မှာ ခြောက်ပြားမျှရလေ၏။ တစ်ထွာမျှကျယ်သော မိမိဝမ်းခေါင်းသမုဒ္ဒရာအတါကမူကကား နေ့ဆွမ်းစား ကုလားတက်အခေါက်တွင် ဘုန်းတော်ကြီးဦးခေမာဝေသော ငှက်ပျောသီးတစ်လုံးနှင့် ကျေနပ်ဖူလုံလျက်ရှိလေ၏။

ဆင်စွယ်ရုပ်ကလေးသည် တစ်နေ့တစ်ခြား သားနားကျော့ရှင်း၍လာ၏။ သွားကလေးများပေါ်လုမတတ်ရှိအောင် ပြုံးလိုက်ရန် ဟန်ပြင်နေသောအသွင်သည် အိပ်ပျော်နေသော ညအချိန်တွင်ပင်လည်း မောင်ချစ်မျက်လုံးတွင်းမှမထွက်။ ကြည့်ရဖန်များလေ အရုပ်ကလေးမှာ လှလာလေ၊ လိုချင်စိတ်ပွားလာလေ ဖြစ်ရကား တစ်နေ့မှ တစ်ပြားတစ်ပြား စုရသည်ကို အလွန်ဖင့်နှေးကြန့်ကြာသည်ဟု သိလာလေ၏။ ပိုက်ဆံရလိုလွန်း၍ ဥပုသ်နေ့များကိုပင် စာသင်ရက်ဖြစ်ပါစေတော့ဟု ဆုတောင်းမိ၏။ တစ်ပေါက်တစ်လမ်း  ဘယ်နည်းနှင့် ပိုက်ဆံရအောင်ကြိုးစားရပါမည်နည်းဟု ကြံစည်မိပြန်၏။

ထိုစဉ်အခါက ကမ္ဘာစစ်ကြီးအတွင်းဖြစ်၍ ကျောက်တံအလွန်ရှား၏။ မောင်ချစ်သည် အစ်ကိုကြီးကိုသစ်၏ ကျောက်သင်ပုန်းကွဲများကို ညောင်ရေအိုးစင်မှယူ၍ ညည့်နက်သန်းခေါင်မရှောင် မှိုင်းတလူလူထွက်နေသော ရေနံဆီမီးခွက်ကြီးကို ထွန်းညှိလျက် ချွန်ထက်သော ဖဲထီးသံချောင်းဖြင့် ကျောက်တံတိုက်လေ၏။ ကျောက်တံရောင်း၍ ပိုက်ဆံခြောက်ပြားရ၏။ ကျောင်းသားကြီးဖိုးတေက အနိုင်ကျင့်၍ မပေးဘဲထားသော အကြွေးတစ်ပြားအတွက် တွေးမိတိုင်းဆွေးမိ၏။

တစ်ဆယ့်နှစ်ပြားမျှရလာသောအခါ အင်္ကျီသင်ပုန်းခေါင်းမှာ မဆံ့တော့ပြီဖြစ်၍နှစ်ဖက်ပိတ် ကြသောင်းဝါးဆစ်တစ်ဆစ်တွင် ထိပ်ကအပေါက်ဖောက်ကာ ဝေလာခေါင်း၊ ဂျော့ခေါင်း၊ နတ်ဖိုးချွန်း စသော တံဆိပ်အမျိုးမျိုး ခတ်နှိပ်သည့် ကြေးပြား ၁၂ ပြားတိတိကို သွင်းလှောင် သိုမှီးထားလေ၏။ နှစ်ဆန်းတစ်ရက်နေ့ကဒွေးလေးညို ချစ်စနိုး၍ပေးသည့် သူငယ်ဖော်မောင်ထွေးက အလိုက်နှစ်ပြားပေး၍ ပိုက်ဆံချင်းလဲစဉ်က မလဲရက်ဘဲ တွယ်တာခဲ့သည့် ထုံးအမှတ်နှင့်ဒေါင်းပိုက်ဆံကလေးကိုလည်း ဖျာအောက်မှထုတ်ယူ၍ ကြေးပြားအဖော်များရှိရာ ကြေးတိုက်အတွင်းသို့ သွတ်သွင်းလိုက်လေ၏။ ကြေးပြားအရေအတွက်ကိုလည်း ဝါးကြောတွင် စူးဖြင့်ခြစ်၍မှတ်ထားလေ၏။ “ပဲဟင်းချက်တဲ့နေ့က တစ်ပြား၊ ဘကြီးထူး ကျွဲပျောက်တဲ့နေ့ကတစ်ပြား” စသည်ဖြင့်လက်ချောင်းကလေးများကိုချိုးကာချိုးကာ ပိုက်ဆံစာရင်းတွက်ရသည်မှာ နေ့စဉ်နှင့်အမျှဖြစ်၏။ ရေတံလျှောက်ထဲမှာ ထားရရင်ကောင်းနိုးနိုး၊ သင်္ဘောကြမ်းပေါ်မှာ ဝှက်ရလျှင် လုံနိုးနိုးနှင့် ပိုက်ဆံဘူးနေရာ ကျတ်ပြောင်းရသည်မှာလည်း အမောပင်ဖြစ်၏။ အရုပ်ကလေးကိုရလျှင်ထည့်ထားဖို့ရန် ထန်းရွက်ဖာချောကလေးကို အမျိုးမျိုး ပြုပြင်ဆင်ယင်မွမ်းမံရသည်မှာလည်း မအားပင်ဖြစ်လေ၏။

ဈေးသည် ဒေါ်ခါဥ၏ တောင်းနီထဲ၌ အငွေ့ထောင်းထောင်းနှင့် ကောက်ဦးငချိပ်ပေါင်းကိုမြင်ရသောအခါ သွားရည်ယိုမိ၏။ သို့ပါသော်လည်း ဝယ်မှရသောသရေစာတို့ကို သပိတ်မှောက်လေ၏။ သူငယ်ဖော်တို့ ဖန်ဒိုးဝယ်၍ ဂေါ်လီရိုက်သောအခါ ကလေးတို့ဘဝ အများနည်းတူကစားလိုပါသော်လည်း မိမိတွင် ရှိရင်းစွဲ စည်ပတ်သံခွေအဟောင်းကြီးကို ကျောင်းဝိုင်းပတ်လည်တွင် လှည့်ပတ်ရိုက်လျက် တစ်ယောက်ထီးတည်း ကျေနပ်တင်းတိမ်ရလေတော့၏။ သို့ဖြင့် တစ်ပြားတိုးလျှင် တစ်မျိုးဝမ်းသာလျှက် စုဆောင်းလာခဲ့ရာ ပိုက်ဆံ ၃၆ ပြား ပိုက်မိသော နေ့သို့ရောက်လေသတည်း။
ညနေ  ၄ နာရီ ကျောင်းလွှတ်ခေါင်းလောင်းသံသည် မောင်ချစ်၏ နှစ်လုံးသွေးကို နှိုးဆွလိုက်လေ၏။ ဘုရားရှိခိုးဆုံးခါနီး “အာမ” ဟု ဆိုမိလျှင်ပင် “ဘန္တေ” ကို မစောင့်နိုင်ဘဲ ထ၍ပြေးလေရာ အဆောင့်ကိုရင်ကြီးတစ်ပါးက အလျင်လိုရကောင်းမလားဟူ၍ ထိပ်ကို ဂေါင်ဂေါင်မြည်အောင် ခေါက်လိုက်၏။ အမှုမထားမိ။ လမ်းတွင် ခလုတ်တိုက်၍ ခြေမကွဲသွားသောလလည်းနာရမှန်းမသိ။ ဦးအောင်ချာ့ ကနားဖျင်းနားရောက်သောအခါ အတွင်းသို့ ဝင်သွားလေ၏။ ဖော့ဦးထုပ်ကိုဆာင်း ဘောင်းဘီအပြာဝတ်လျက် ကွပ်ပျစ်ထက်တွင် အခန့်သားထိုင်ရင်း မင်းသမီးရုပ်ကလေးကို ဘယ်ပြန်ညာပြန် ပယ်ပယ်နယ်နယ် ကိုင်တွယ်ကြည့်ရှုနေသော လူကြီးတစ်ယောက်ကိုမြင်မှသာ ကိုယ်ရှိန်သတ်၍ ပြောနေကြသောစကားကို ကြားမိလေတော့၏။

“ဘယ့်နှယ့်လဲ ဆရာကြီးရဲ့၊ ကျုပ်ပြောတဲ့အဖိုးနဲ့ပဲ ပေးလိုက်မယ်မဟုတ်လား။ ခင်များတို့အရပ်မှာ ဒီအရုပ်ကလေးနဲ့တန်တဲ့အိမ် တစ်အိမ်မှမရှိပါဘူး။ ဝယ်နိုင်မယ့်လူလည်း ရှိမှာမဟုတ်ပါဘူး”

“မှန်ပါ။ ဝန်ထောက်မင်းဖို့ဆိုရင်တော့ အလကားတောင်းလည်း ပေးရမှာပါပဲ။ နို့ပေမဲ့ အချောသတ် အမွှမ်းတင်ဖို့ လေးငါးရက်လောက်ဆိုင်းစေချင်ပါတယ်။ ပြီးရင်ပြီးချင်း ဝန်ထောက်မင်းတို့ဆီကို လာပြီးပို့ပေးပါ့မယ်”

ထိုမျှ ကြားရလျှင်ပင် မောင်ချစ်၏ အသည်းနှလုံး အူသိမ်အူမတို့သည် ကြွေကျမတတ်ဖြစ်လေ၏။ အရုပ်ကလေးကို အတင်းလု၍ ပြေးလိုသောစိတ် ပေါ်လာသော်လည်း ဝန်ထောက်မင်းဟု ကြားရရုံမျှနှင့်ပင် ရင်ဒူးတုန်နေရသော မောင်ချစ်မှာ အဘယ်သို့ ဝံ့ရဲပါအံ့နည်း။ ခါးကြားက ခြောက်လုံးပြူးသေနတ်သည်လည်း မောင်ချစ်၏အကြံကို သိသည့်အလား မောင်ချစ်ဆီသို့ စိမ်းစိမ်းလှည့်၍ ခြောက်လှန့်မောင်းနှင်လေ၏။ ဝဲလာသောမျက်ရည်ကို အနိုင်နိုင်ထိန်း၍ မိမိဘက်သို့ကျောင်ခိုင်းနေသော ဆင်စွယ်ဒေဝီကလေးကို နောက်ဆုံးကြည့်ကြည့်လျက် ထွက်လာလေ၏။ လမ်းကြားငယ်တစ်ခုအတွင်းမှ “ဟိုကောင်ကလေး ညိုတိုတို တို့ကိုကြိုက်လို့ငို၊ နင်ငိုပေမယ့်အလကား၊ တို့အမေက မပေးစား”ဟု ထွက်ပေါ်လာသော တေးသံသည် တေးဆိုသူအားနှလုံးပွားဖွယ်ပင်ဖြစ်သော်လည်း မောင်ချစ်၏ နှလုံးသားကိုကား ဓါးပါးနှင့်မွှန်းလိုက်လေတော့သတည်း။

၁၅ ရက်မျှကြာသောအခါ ခေါင်းထက်တွင် တဘက်ကိုယ်စီတင်ထားသော မိန်းမကြီတစ်စုနှင့် ယောကျာ်းကြီးတစ်ယောက်တို့ မောင်ချစ်တို့၏ ခြောက်သွေ့သောခြံကလေးအတွင်းသို့ဝင်သွားသည်ကို မြင်ရပါသည်။ အိမ်ရှေ့ခွေးကတက်ကို တက်မိလျှင်ပင် တိုင်ဖုံးနား၌ မျက်ရည်စက်လက် ဦးဆံဖားလျားနှင့် ထိုင်နေသော မိန်းမတစ်ဦးသည် ယောက်ျားကြီး၏ ခြေအစုံကိုပြေးဖက်လျက် “အမလေး ကိုရင်အောင်ရဲ့၊ မောင်ချစ်ဖြစ်ပုံတေါကို မြင်ဝံ့သေးရဲ့လားရှင်။ မောင်ချစ်ရေ၊ အမေ့သားကြီးရဲ့ အမေလိုက်ခဲ့မယ်ကွဲ့နော်။ ဟီး ဟီး” ဟု ဟစ်အော်ပြောဆိုငိုကြွေးမြည်တမ်းလေ၏။ ဦးအောင်ချာလည်း မောင်ချစ်အလောင်းနားတွင် မလှုပ်မယှက်ထိုင်နေသော မောင်ချစ်ဖခင်အား “ဘယ့်နှယ်ဖြစ်ရတာလဲ မောင်ဖိုးငွေရဲ့။ ကိုရင်လည်း မြို့တက်သွားတာဆယ့်လေးငါးရက်ကြာသွားလို့ ဘာသတင်းမှ မကြားမိဘူး။ အခုပြန်ရောက်ရောက်ချင်းပဲအိမ်မှာ ထိုင်တောင်မထိုင်ခဲ့ဘဲ ပြေးလာတာပဲကွဲ့”ဟု ပြောလေ၏။ “ကိုရင်ရယ်၊ ဘာရောဂါရယ်လို့လဲ မပြောတတ်ပါဘူး၊ တမှိုင်မှိုင် တတွေတွေနဲ့ ထမင်းမစား၊ ဟင်းမစား။ တစ်ခါတလေ သူ့အမေကျွေးလို့ဆန်ပြုတ်ကလေး တစ်ဇွန်းလောက်ဝင်သွားပေမဲ့ ချက်ချင်းအန်ပစ်လိုက်တာပဲ၊ ပယောဂဆိုလို့ ဆရာသြခေါ်ပြပါလည်း ဘာမှမထူးခြားပါဘူး။ မနေ့ညကတော့ သူ့အမေကိုခေါ်ပြီး သူစုထားတဲ့ပိုက်ဆံ ငါးမူးနှစ်ပြားကို သူ့ဆရာတော်ကိုလှူလိုက်ပါလို့မှာပြီးတော့ ကိုရင်အောင်ကိုမေးတာပဲ။ မြို့သွားတယ်လို့ပြောတော့ အတန်ကြာကြာ ဘာမျှမပြောဘဲ မောနေပြီး “ဘကြီးအောင် ညာတယ်” လို့ မပီတပီပြောရင်း အသက်ပျောက်သွားတာပဲ” ဟု ပြော၍ လုံချည်စဖြင့် မျက်ရည်သုတ်လေ၏။ ဦးအောင်ချာလည်း စဉ်းစား၍ အကြောင်းအရင်းကို ရိပ်မိသောအခါ မျက်နှာညှိုးငယ်၍သွားလေတော့သတည်း။

ယခုအခါတွင်ကား ရွာကလေးအနောက်ဘက် နွားစားကျက်အနီး ထိမ်ပင်ကြီးတောင်ယွန်းရှိ သင်္ချိုင်းကုန်းထက်တွင် ထီးထီးသောအုတ်ဂူကလေးတစ်ခုကို တွေ့နိုင်ပါသည်။ “အချစ်ဂူ” ဟူ၍လည်းကောင်း၊ “မောင်ချစ်ဂူ” ဟူ၍ လည်းကောင်း အမည်နှစ်မျိုးဖြင့် ခေါ်ကြရာ မည်သည်ကိုအမှန်ဟူ၍ မပြောနိုင်ပါ။ ဂူကလေး၏ အရှေ့မျက်နှာလိုဏ်ပေါက်ခေါင်းလေးထဲတွင် ကျွဲကျောင်းသား၊ နွားကျောင်းသားတို့၏လက်ချက်ကြောင့် ကျိုးပဲ့ပျက်စီးနေသော အရုပ်ကလေးတစ်စုံကို တွေ့နိုင်ပါသေးသည်။ လိုဏ်ဝအင်္ဂတေတွင် သွင်းနှံထားသော ကျောက်ပြားငယ်ထက်တွင်ကား “လို၍မရသော ဆင်းရဲ” ဟု စာတန်းထိုးထားပါသည်။ ကျွန်တော်၏ ဘိုးအေအား မေးမြန်းကြည့်ရာ သုံးနှစ်လောက်က ပျံလွန်တော်မူသွားသော တောထွက်ကြီး ဦးဣန္ဒ၏ လက်ရာဖြစ်သည်ဟု သာမန်မျှသာသိရပါသတည်း။ ။

မင်းသုဝဏ်
[၁၉၃၁]

အာရောဂျံ လူမှုကူညီရေးအသင်းကြီး



 အာရောဂျံ လူမှုကူညီရေးအသင်းကြီး၏
"မွန်မြတ်လှစွာသော လူ့အသက်ကယ်တင်ခြင်း အလှူတော်ကြီးတွင် သင်လည်း ဝေစု ပါဝင်နိုင်ပြီ"
 မော်လမြိုင်ကျွန်းမြို့၏ မြို့မိမြို့ဖများဦးဆောင်ပြီး ဇာတိမြို့ကောင်းကျိုးဆောင်ရွက်ရန် စိတ်အားထက်သန်သောမြို့သူမြို့သားများ၏ညီညွတ်သောစုပေါင်းအားဖြင့် "အာရောဂျံ လူမှုကူညီရေးအသင်း”ကြီးကို စနစ်တကျ တရားဝင်ဖွဲ့စည်းပြီးကောင်းမွန်သော စီမံခန့်ခွဲမှုဖြင့်ရေရှည် ခိုင်မာတည်တံ့သောအဖွဲကြီးအဖြစ် မြို့သူမြို့သားများ၏ ကျန်းမာရေး၊ပညာရေး၊လူမှုရေး လိုအပ်ချက်များကို ကူညီစောက်ရှောက်ပေးနိုင်ရန် ရည်ရွယ်ဆောင်ရွက်လျက်ရှိပါသည်။
  လူမျိုး ဘာသာမရွေး၊မြို့နယ် ကျေးလတ်မခွဲခြားဘဲ စနစ်တကျ စီမံခန့်ခွဲ ကူညီသွားရန် ဖြစ်ပါသည်။
 ပထမဦးဆုံးလုပ်ငန်းစဉ်အဖြစ် .. .. ..
 မြို့ပေါ်နှင့်ကျေးလက်တောရွာများ အရေးပေါ်လူနာများ၏အသက်ကို အချိန်မှီကယ်တင်နိုင်ရေးအတွက် “မြို့သူမြို့သားများပိုင် လူနာတင်ယာဉ်တစ်စီး” ကို အမြန်ဆုံးဝယ်ယူရန် အလှူငွေများ ကောက်ခံလျက်ရှိပါသည်။(ဆောင်ရွက်ပြီးစီး ဒီနေ့ရာတွင် ဖတ်ရူနိုင်)
 သိုပါ၍ မြို့သူမြို့သားများအနေဖြင့် တစ်ဘဝကုသိုလ်သာမကသံသရာကုသိုလ်အဖြစ်ပါ ရရှိခံစားစေနိုင်မည့်လူအသက် ကယ်တင်ခြင်း ကျန်းမာရေးအလှူတော်ကြီးတွင် မိမိတတ်စွမ်းသလောက် လှူဒါန်းကြပါရန်နှင့် အာရောဂျံလူမှုကူညီရေးအသင်းကြီးတွင်လူအားငွေအားပါဝင်ကူညီခြင်းအားဖြင့် မိမိတို့၏ဇာတိရပ်ရွာ ကောင်းကျိုးကိုဆောင်ရွက်နိုင်ကြပြီဖြစ်ပါကြောင်း လေးစားစွာ အသိပေးအပ်ပါသည်။

ရည်ရွယ်ချက်နှင့်လုပ်ဆောင်ချက်များ

၁။ ဘာကြောင့် .... ?
 မော်လမြိုင်ကျွန်း မြို့သူမြို့သားအားလုံးရဲ့ ကျန်းမာရေး၊ ပညာရေး၊ လူမှုရေး၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး၊ သဘာဝဘေးအန္တရာယ်ကယ်တင်ရေး လုပ်ငန်းတွေကို စနစ်တကျကူညီစောင့်ရှောက်ပေးဖို့ဖြစ်ပါတယ်။
၂။ မည်သူတွေပါဝင်သလဲ ....?
မြို့ပေါ်ရှိစေတနာရှင် မြို့မိမြို့ဖများ၊ စီးပွါးရေးလုပ်ငန်းရှင်များ၊ ပရဟိတလုပ်ငန်းမှာ စိတ်ဝင်စားတဲ့လူငယ်များ .။

၃။ ဘာတွေလုပ်မလဲ ...?
(၁)ကျန်းမာရေးစောင့်ရှောက်မှု
(၂)ပညာရေး (ပညာသင်ကြားရေးအတွတ် အခက်အခဲရှိနေသော ကျောင်းသား၊ကျောင်းသူများကို စနစ်တကျ စီစစ်ပြီး ပညာသင်ထောက်ပံကျေးပေးမည်)
(၃)လူမှုရေး ...
(၄)သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး(သစ်ပင်စိုက်မယ်။မြို့ရဲ့ပတ်ဝန်းကျင်ပျက်စီးစေမဲ့ကိစ္စတွေကိုကာကွယ်မည်)
(၅)သဘာဝဘေးအန္တရယ်ကယ်တင်ရေး (သဘာဝဘေးအန္တရာယ်ကျရောက်တဲ့အခါမှာမြို့နယ်အတွင်းမှာရှိတဲ့ အခြားသောပရဟိတအဖွဲများ NGOအဖွဲ့များနှင့်ပူးပေါင်းပြီး မြို့သူမြို့သား နယ်သူနယ်သားအားလုံးကို စနစ်တကျကူညီစောက်ရှောက်ကယ်တင်မယ်)

၎။ အားလုံးပါဝင်ကြပါစို့ . . .။
 ကိုယ်ဇာတိမြို့သူမြို့သားတွေအကျိုးအတွက်ခိုင်ခိုင်မာမာရပ်တည်စောင့်ရှောက်ကူညီပေးနိုင်မဲ့အဖွဲအစည်း
အတွက် ငွေအားလူအားသာမက အကြံဥာဏ်အားတွေပါ ဝိုင်းဝန်းပံ့ပိုးကူညီဖို့ လေးလေးစားစား မေတ္တာရပ်ခံဖိတ်ခေါ်အပ်ပါတယ်။
ဆက်သွယ်ရန် - ဦးဌေးစိန်(ဌေးစတိုး)
                     အာရောဂျံလူမှုကူညီရေးအသင်း(ဥက္ကဌ)
                     ဖုန်း ၀၉-၈၅၉၈၉၉၄ 
 


                    ဦးထွန်းထွန်းဦး(ထွန်းထွန်းပရိဘောဂ)    
                    အာရောဂျံလူမှုကူညီရေးအသင်း  (ဒုဥက္ကဌ)
                    ဖုန်း ၀၉-၈၅၉၈၉၆၃

Sunday, June 10, 2012

Live CD ဆိုတာ


ရေးချင်တာတွေကတော့ အများကြီးဘဲ ဟိုဟာလည်းရေးချင်၊ဒီဟာလည်းရေးချင် အဲလိုဖြစ်နေတယ်။ရေးမယ်လို လုပ်တော့ ဘာမှမသိတော့ဘူး ကောင်းရော့ ....
အကျိုးရှိမယ် ထင်လို ဒီ Live CD အကြောင်း ကို မဖြစ်ဖြစ်အောင်ရေးပြီးတင်လိုတ်ပါတယ်။
Live CD ဆိုတာဘာလဲ
Live CD ဆိုတာ ကတော့ Operating System တစ်ခုလုံးကို အသုံပြုလိုရအောင် CD ချပ်လေးထဲမှာ ထည့်ထားတာလိုပြောလိုရပါတယ်။ OS တွေမှာ Windows ထည့်ထားတာတွေရှိသလို၊ Linux ကိုအခြေခံDistro ဖြစ်သော Ubuntu, Fedora စသည့် Distro များစွာရှိပါတယ်။

Tuesday, September 6, 2011

Blog with Google

Google အောက်ကိုခိုလှိုတာ လုံခြုံတယ်ထင်လို၊ Security နဲ့ပတ်သတ်ရင် နကန်းတလုံးမှာ နားမလည်တဲ့အတွတ်ကြောင့် Google အောက်သို့ စမ်းတဝါးဝါးနှင့်ဝင်ကြည်တာပါ။

Sunday, July 11, 2010

နှစ်သက်မိသော စာသားလေး

ကံကောင်းသော လူငယ်များသည် သူ့ဘဝတွင် "ဘယ်စာကိုဖတ်၊ ဘယ်စာကို မဖတ်နဲ့" ဟူသော အကြံပေးချက်မျိုး ရရှိခဲ့၏။ ကံဆိုးသော လူငယ်များသည် ဘာအကြံပေးချက်မှ မရှိပါ။ ထိုအမျိုးအစားထဲမှ စိတ်ဓာတ်အင်အား ပြည့်စုံသော လူငယ်များ၊ ကြိုးစားလိုသော လူငယ်များ၊ ရှာဖွေစူးစမ်းလိုသော လူငယ်များသည် မည်သူ့အကူအညီမျှ မပါဝင်ဘဲ မိမိတို့ဘာသာ သင့်တော်ရာရာကို ရွေးချယ် သွားတတ်ကြသည်။ တချို့ကတော့ သူတို့ ဘာကိုလိုချင်မှန်း သူတို့ကိုယ်တိုင် မသိသူများ ဖြစ်ကြပါသည်။ လောကတွင် မိမိဘာ လိုချင်သည်ဟု မှန်ကန်စွာသိ၍ မိမိ လိုချင်သော အရာကို ရအောင်ယူနိုင်သော လူငယ်များလည်း ရှိကြသည်။ လူတယောက် မိမိဘဝတွင် ဘာလိုချင်သည် ဟု အတိအကျ သိလာ ရန် စာအုပ်များစွာက တွန်းအားပေးနိုင်သည်ဟု ကျွန်မ ထင်ပါသည်။ ဂျူး