Showing posts with label News. Show all posts
Showing posts with label News. Show all posts
Saturday, June 23, 2012
လူနာတင်ယာဉ်ဖြစ်မြောက်ရေးအဖွဲ့ဖွဲ့စည်း
မော်လမြိုင်ကျွန်းမြို့ပေါ်တွင်
ဒေသခံများ အရေးပေါ်အသုံးပြုရန် လူနာတင်ယာဉ်တစ်စီး ဝယ်ယူလှူဒါန်းရန် မြို့သူမြို့သားအချို့
ဖွဲစည်းလုပ်ဆောင်နေကြောင်းသိရသည်။
ဖြစ်မြောက်ရေးအဖွဲ့ဝင်များ ယာယီငွေစိုက်ထုတ် ၍လူနာတင်ယာဉ်ဝယ်ယူပြီးမှ
အလှူငွေများလက်ခံမည်ဖြစ်ကြောင်း၊ လူနာတင်ယဉ်ဝယ်ယူပြီးနောက် အများပြည်သူ အခမဲ့သုံစွဲနိုင်ရန်နှင့်
ယဉ်မောင်း၊ ယဉ်နောက်လိုက်များကို အဖွဲ့မှလစဉ် လစာထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း၊ လူနာ
တင်ယဉ်အသုံးပြုသည့်လူနာရှင်များထံမှ ငွေကြေးတစ်စုံတရာ ရယူခြင်းမျိုး ခွင့်မပြုကြောင်းဖြစ်မြောက်ရေးခေါင်းဆောင်
ဦးဌေးစိန်နှင့် ဦးငြိမ်းမောင် တို့ကပြောကြားသည်။
မော်လမြိုင်ကွန်း မြို့တွင် နာဂစ်ဒဏ်ကြောင့်
လူအများ၊ပစ္စည်း၊ အိုးအိမ်များ သေကျေဆုံးရူံးခဲ့ပြီးနောက် အများအကျိုးဆောင်ရွက် သည့်အဖွဲ့များ
ပေါ်ပေါက်လာရာ ပစ္ဆိမာရုံ ကျောင်းတိုက်ဆရာတော် ဦးစီးသော ဗေသဇ္ဇဒါန အခမဲ့ကျန်းမာရေးစောင့်ရှောက်မှုအဖွဲ့အပြင်
အဖြူရောင် နှလုံးသား ကျန်းမာရေးစောက်ရှောက်မှုအဖွဲ့၊ ဇိဝိနြေ္ဒ အောက်ဆီဂျင် အခဲမဲ့ပေးလှူသည့်အဖွဲ့များရှိနေသဖြင့်ဆင်းရဲနွမ်းပါးသူများ၏
ကျန်းမာရေးတွင် တစ်ဖက်တစ်လမ်းမှ အထိုက်အလျောက် ကူညီရာရောက်ကြောင်း၊ နာဂစ်ဒဏ်ခံပြီးနောက်
မြို့နယ်ပြည်သူဆေးရုံကို ခုတင် ၅၀ အဆင့်မှ ခုတင် ၁၀၀ အဆင့်တိုးမြှင့်ပေးပြီး ရာဇူဒိုင်တံတားအမှတ်(၂)အနီး
အသစ်တည်ဆောက် ဖွင့်လှစ်ခဲကြောင်း၊ နိုင်ငံတကာအကူအညီဖြင့် ဆေးရုံးသုံးလူနာတင်ယာဉ် တစ်စီး
ရောက်ရှိအသုံပြုနေကြောင်း၊ ဆေးရုံမှာမြို့နှင့် နှစ်မိုင်ဝန်းကျင် ကွာဝေးနေရာ မြို့တွင်းနေလူအများ
ဆေးရုံရှိလူနာတင်ယဉ်အသုံးပြုရန် အခက်များရှိနေကြောင်း ဒေသခံများမှ ပြောသည်။
ဖေဖော်ဝါရီလလယ်ပိုင်းက ဆေးရုံသို့
ဆိုက်ကားဖြင့်သွားရောက်သည် မွေးလူနာ လမ်းမှာပင် မွေးဖွားမှုမျိုးကြုံခဲရကြောင်း၊ သို့ဖြစ်သည့်အတွက်
လူနာတင်ယဉ်ဝယ်ယူပြီးချိန်တွင် အလှူငွေများ စတင်လက်ခံမည်ဖြစ်ရာ အဝေရောက် မြို့သူမြို့သားများနှင့်
စေတနာရှင်များအနေဖြင့် ဦးဌေးစိန် ဖုန်း ၀၉-၈၅၉၈၉၉၄ နှင့်ဦးငြိမ်းမောင် ဖုန်း ၀၉-၄၉၇၂၉၀၀၃
သို့ ဆက်သွယ် နိုင်ကြောင်းသိရသည်။
ပိုင်စေအောင်(ရွှေကျွန်း)
အာရောဂျံ လူမှုကူညီရေးအသင်းကြီး
အာရောဂျံ လူမှုကူညီရေးအသင်းကြီး၏
"မွန်မြတ်လှစွာသော
လူ့အသက်ကယ်တင်ခြင်း အလှူတော်ကြီးတွင် သင်လည်း ဝေစု ပါဝင်နိုင်ပြီ"
မော်လမြိုင်ကျွန်းမြို့၏ မြို့မိမြို့ဖများဦးဆောင်ပြီး
ဇာတိမြို့ကောင်းကျိုးဆောင်ရွက်ရန် စိတ်အားထက်သန်သောမြို့သူမြို့သားများ၏ညီညွတ်သောစုပေါင်းအားဖြင့်
"အာရောဂျံ လူမှုကူညီရေးအသင်း”ကြီးကို စနစ်တကျ တရားဝင်ဖွဲ့စည်းပြီးကောင်းမွန်သော
စီမံခန့်ခွဲမှုဖြင့်ရေရှည် ခိုင်မာတည်တံ့သောအဖွဲကြီးအဖြစ် မြို့သူမြို့သားများ၏ ကျန်းမာရေး၊ပညာရေး၊လူမှုရေး
လိုအပ်ချက်များကို ကူညီစောက်ရှောက်ပေးနိုင်ရန် ရည်ရွယ်ဆောင်ရွက်လျက်ရှိပါသည်။
လူမျိုး ဘာသာမရွေး၊မြို့နယ် ကျေးလတ်မခွဲခြားဘဲ စနစ်တကျ
စီမံခန့်ခွဲ ကူညီသွားရန် ဖြစ်ပါသည်။
ပထမဦးဆုံးလုပ်ငန်းစဉ်အဖြစ် .. .. ..
မြို့ပေါ်နှင့်ကျေးလက်တောရွာများ အရေးပေါ်လူနာများ၏အသက်ကို
အချိန်မှီကယ်တင်နိုင်ရေးအတွက် “မြို့သူမြို့သားများပိုင် လူနာတင်ယာဉ်တစ်စီး” ကို အမြန်ဆုံးဝယ်ယူရန်
အလှူငွေများ ကောက်ခံလျက်ရှိပါသည်။(ဆောင်ရွက်ပြီးစီး ဒီနေ့ရာတွင်
ဖတ်ရူနိုင်)
သိုပါ၍ မြို့သူမြို့သားများအနေဖြင့် တစ်ဘဝကုသိုလ်သာမကသံသရာကုသိုလ်အဖြစ်ပါ ရရှိခံစားစေနိုင်မည့်လူအသက် ကယ်တင်ခြင်း ကျန်းမာရေးအလှူတော်ကြီးတွင် မိမိတတ်စွမ်းသလောက် လှူဒါန်းကြပါရန်နှင့် အာရောဂျံလူမှုကူညီရေးအသင်းကြီးတွင်လူအားငွေအားပါဝင်ကူညီခြင်းအားဖြင့် မိမိတို့၏ဇာတိရပ်ရွာ ကောင်းကျိုးကိုဆောင်ရွက်နိုင်ကြပြီဖြစ်ပါကြောင်း လေးစားစွာ အသိပေးအပ်ပါသည်။

ရည်ရွယ်ချက်နှင့်လုပ်ဆောင်ချက်များ
၁။ ဘာကြောင့် .... ?
မော်လမြိုင်ကျွန်း မြို့သူမြို့သားအားလုံးရဲ့ ကျန်းမာရေး၊
ပညာရေး၊ လူမှုရေး၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး၊ သဘာဝဘေးအန္တရာယ်ကယ်တင်ရေး လုပ်ငန်းတွေကို
စနစ်တကျကူညီစောင့်ရှောက်ပေးဖို့ဖြစ်ပါတယ်။
၂။ မည်သူတွေပါဝင်သလဲ ....?
မြို့ပေါ်ရှိစေတနာရှင် မြို့မိမြို့ဖများ၊ စီးပွါးရေးလုပ်ငန်းရှင်များ၊ ပရဟိတလုပ်ငန်းမှာ စိတ်ဝင်စားတဲ့လူငယ်များ .။
မြို့ပေါ်ရှိစေတနာရှင် မြို့မိမြို့ဖများ၊ စီးပွါးရေးလုပ်ငန်းရှင်များ၊ ပရဟိတလုပ်ငန်းမှာ စိတ်ဝင်စားတဲ့လူငယ်များ .။
၃။ ဘာတွေလုပ်မလဲ ...?
(၁)ကျန်းမာရေးစောင့်ရှောက်မှု
(၂)ပညာရေး (ပညာသင်ကြားရေးအတွတ် အခက်အခဲရှိနေသော ကျောင်းသား၊ကျောင်းသူများကို စနစ်တကျ စီစစ်ပြီး ပညာသင်ထောက်ပံကျေးပေးမည်)
(၃)လူမှုရေး ...
(၄)သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး(သစ်ပင်စိုက်မယ်။မြို့ရဲ့ပတ်ဝန်းကျင်ပျက်စီးစေမဲ့ကိစ္စတွေကိုကာကွယ်မည်)

(၅)သဘာဝဘေးအန္တရယ်ကယ်တင်ရေး
(သဘာဝဘေးအန္တရာယ်ကျရောက်တဲ့အခါမှာမြို့နယ်အတွင်းမှာရှိတဲ့ အခြားသောပရဟိတအဖွဲများ
NGOအဖွဲ့များနှင့်ပူးပေါင်းပြီး မြို့သူမြို့သား နယ်သူနယ်သားအားလုံးကို စနစ်တကျကူညီစောက်ရှောက်ကယ်တင်မယ်)
၎။ အားလုံးပါဝင်ကြပါစို့ . . .။
ကိုယ်ဇာတိမြို့သူမြို့သားတွေအကျိုးအတွက်ခိုင်ခိုင်မာမာရပ်တည်စောင့်ရှောက်ကူညီပေးနိုင်မဲ့အဖွဲအစည်း
ကိုယ်ဇာတိမြို့သူမြို့သားတွေအကျိုးအတွက်ခိုင်ခိုင်မာမာရပ်တည်စောင့်ရှောက်ကူညီပေးနိုင်မဲ့အဖွဲအစည်း
အတွက်
ငွေအားလူအားသာမက အကြံဥာဏ်အားတွေပါ ဝိုင်းဝန်းပံ့ပိုးကူညီဖို့ လေးလေးစားစား မေတ္တာရပ်ခံဖိတ်ခေါ်အပ်ပါတယ်။
ဆက်သွယ်ရန် - ဦးဌေးစိန်(ဌေးစတိုး)
အာရောဂျံလူမှုကူညီရေးအသင်း(ဥက္ကဌ)
ဖုန်း ၀၉-၈၅၉၈၉၉၄
ဦးထွန်းထွန်းဦး(ထွန်းထွန်းပရိဘောဂ)
အာရောဂျံလူမှုကူညီရေးအသင်း (ဒုဥက္ကဌ)
ဖုန်း ၀၉-၈၅၉၈၉၆၃
ဆက်သွယ်ရန် - ဦးဌေးစိန်(ဌေးစတိုး)
အာရောဂျံလူမှုကူညီရေးအသင်း(ဥက္ကဌ)
ဖုန်း ၀၉-၈၅၉၈၉၉၄
ဦးထွန်းထွန်းဦး(ထွန်းထွန်းပရိဘောဂ)
အာရောဂျံလူမှုကူညီရေးအသင်း (ဒုဥက္ကဌ)
ဖုန်း ၀၉-၈၅၉၈၉၆၃