မော်လမြိုင်ကျွန်းမြို့ပေါ်တွင်
ဒေသခံများ အရေးပေါ်အသုံးပြုရန် လူနာတင်ယာဉ်တစ်စီး ဝယ်ယူလှူဒါန်းရန် မြို့သူမြို့သားအချို့
ဖွဲစည်းလုပ်ဆောင်နေကြောင်းသိရသည်။
ဖြစ်မြောက်ရေးအဖွဲ့ဝင်များ ယာယီငွေစိုက်ထုတ် ၍လူနာတင်ယာဉ်ဝယ်ယူပြီးမှ
အလှူငွေများလက်ခံမည်ဖြစ်ကြောင်း၊ လူနာတင်ယဉ်ဝယ်ယူပြီးနောက် အများပြည်သူ အခမဲ့သုံစွဲနိုင်ရန်နှင့်
ယဉ်မောင်း၊ ယဉ်နောက်လိုက်များကို အဖွဲ့မှလစဉ် လစာထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း၊ လူနာ
တင်ယဉ်အသုံးပြုသည့်လူနာရှင်များထံမှ ငွေကြေးတစ်စုံတရာ ရယူခြင်းမျိုး ခွင့်မပြုကြောင်းဖြစ်မြောက်ရေးခေါင်းဆောင်
ဦးဌေးစိန်နှင့် ဦးငြိမ်းမောင် တို့ကပြောကြားသည်။
မော်လမြိုင်ကွန်း မြို့တွင် နာဂစ်ဒဏ်ကြောင့်
လူအများ၊ပစ္စည်း၊ အိုးအိမ်များ သေကျေဆုံးရူံးခဲ့ပြီးနောက် အများအကျိုးဆောင်ရွက် သည့်အဖွဲ့များ
ပေါ်ပေါက်လာရာ ပစ္ဆိမာရုံ ကျောင်းတိုက်ဆရာတော် ဦးစီးသော ဗေသဇ္ဇဒါန အခမဲ့ကျန်းမာရေးစောင့်ရှောက်မှုအဖွဲ့အပြင်
အဖြူရောင် နှလုံးသား ကျန်းမာရေးစောက်ရှောက်မှုအဖွဲ့၊ ဇိဝိနြေ္ဒ အောက်ဆီဂျင် အခဲမဲ့ပေးလှူသည့်အဖွဲ့များရှိနေသဖြင့်ဆင်းရဲနွမ်းပါးသူများ၏
ကျန်းမာရေးတွင် တစ်ဖက်တစ်လမ်းမှ အထိုက်အလျောက် ကူညီရာရောက်ကြောင်း၊ နာဂစ်ဒဏ်ခံပြီးနောက်
မြို့နယ်ပြည်သူဆေးရုံကို ခုတင် ၅၀ အဆင့်မှ ခုတင် ၁၀၀ အဆင့်တိုးမြှင့်ပေးပြီး ရာဇူဒိုင်တံတားအမှတ်(၂)အနီး
အသစ်တည်ဆောက် ဖွင့်လှစ်ခဲကြောင်း၊ နိုင်ငံတကာအကူအညီဖြင့် ဆေးရုံးသုံးလူနာတင်ယာဉ် တစ်စီး
ရောက်ရှိအသုံပြုနေကြောင်း၊ ဆေးရုံမှာမြို့နှင့် နှစ်မိုင်ဝန်းကျင် ကွာဝေးနေရာ မြို့တွင်းနေလူအများ
ဆေးရုံရှိလူနာတင်ယဉ်အသုံးပြုရန် အခက်များရှိနေကြောင်း ဒေသခံများမှ ပြောသည်။
ဖေဖော်ဝါရီလလယ်ပိုင်းက ဆေးရုံသို့
ဆိုက်ကားဖြင့်သွားရောက်သည် မွေးလူနာ လမ်းမှာပင် မွေးဖွားမှုမျိုးကြုံခဲရကြောင်း၊ သို့ဖြစ်သည့်အတွက်
လူနာတင်ယဉ်ဝယ်ယူပြီးချိန်တွင် အလှူငွေများ စတင်လက်ခံမည်ဖြစ်ရာ အဝေရောက် မြို့သူမြို့သားများနှင့်
စေတနာရှင်များအနေဖြင့် ဦးဌေးစိန် ဖုန်း ၀၉-၈၅၉၈၉၉၄ နှင့်ဦးငြိမ်းမောင် ဖုန်း ၀၉-၄၉၇၂၉၀၀၃
သို့ ဆက်သွယ် နိုင်ကြောင်းသိရသည်။
ပိုင်စေအောင်(ရွှေကျွန်း)
0 comments:
Post a Comment