Sunday, June 10, 2012

Live CD ဆိုတာ


ရေးချင်တာတွေကတော့ အများကြီးဘဲ ဟိုဟာလည်းရေးချင်၊ဒီဟာလည်းရေးချင် အဲလိုဖြစ်နေတယ်။ရေးမယ်လို လုပ်တော့ ဘာမှမသိတော့ဘူး ကောင်းရော့ ....
အကျိုးရှိမယ် ထင်လို ဒီ Live CD အကြောင်း ကို မဖြစ်ဖြစ်အောင်ရေးပြီးတင်လိုတ်ပါတယ်။
Live CD ဆိုတာဘာလဲ
Live CD ဆိုတာ ကတော့ Operating System တစ်ခုလုံးကို အသုံပြုလိုရအောင် CD ချပ်လေးထဲမှာ ထည့်ထားတာလိုပြောလိုရပါတယ်။ OS တွေမှာ Windows ထည့်ထားတာတွေရှိသလို၊ Linux ကိုအခြေခံDistro ဖြစ်သော Ubuntu, Fedora စသည့် Distro များစွာရှိပါတယ်။


Live CD ရဲ့ကောင်းကျိုးတွေကရော့

Live CD ရဲ့ကောင်းတာတွေကတော့ တစ်စုံတရာကြောင့် မိမိသုံးနေတဲ့စက် Windows မတတ်နိုင့်တော့ဘူး၊ကိုယ်ရဲ့ Data တွေကအရေးကြီးတယ်ဆို Live CD နဲ့ Boot တတ်၍ Data တွေပြန်လည်ရယူနိုင်ပါတယ်။နောက်တစ်ခု ကတော့ Virus ကိုက်ခံထားရတဲ့ စက် ကို Live CD နဲ့တတ်ပြီး Virus သတ်နိုင်ပါတယ်။ ခုတော်တော်များများ အသုံးပြုနေကြတဲ့ Kaspersky Rescue Disk ဆိုတာလေ သတိထားမိလား သူလဲ Live CD တစ်မျိုးပဲ၊ Antivrius Progam တစ်ခုပါဝင်ပြီးတော့ Vrius သတ်တဲ့နေရာမှာ အလွန်အသုံးဝင်ပါတယ်။ကျွန်တော်တို့ Antivirus တင်မရတော်တော် အခြေနေဆိုးနေတဲ့ အခါမှာKaspersky Rescue Disk ကအလွန်အသုံးဝင်ပါတယ်။ Live CD တွေတော်တော်များများမှာ အသုံးဝင်တဲ့ Tools တွေပါဝင်ပါတယ်။ ဥပမာ.. Hiren's Boot CD မှာဆိုရင် Password Recovery Tools တွေ၊ပြီးတော့ Free antivirus ဖြစ်သော Avira တို့စသည်အသုံးဝင်တာတွေပါဝင်ပါတယ်။
ကိုယ်အသုံးပြုမဲ့ လိုအပ်ချက်ပေါ်မူတည်ပြီးတော့ Live CD တွေကို ရွေးချယ် အသုံးပြုနိုင်တယ်။

ဒါဆိုရင်ဆိုးကျိုးတွေကရောဗျာ
ကျွန်တော်အထင်ဆိုးကျိုးတွေကနည်းပါတယ်။ဒေါင်းလုပ်ဆွဲမယ်ISOဖိုင်ဆိုဒ်ကြီးတာရယ်၊ပုံမှန်ကွန်ပျူတာသုံးနေကြသူတွေအတွတ်တော့CDပြုလုပ်ဖို့၊USBBootableပြုလုပ်ဖို့ပြီးတော့Bootordelist ချိန်းဖိုအတွတ်တော့နည်းနည်းအခက်တွေမယ်ထင်တယ်၊ဒါကလည်းသိပ်အရေးမကြီးပါဘူး နည်းနည်းလေးအားထုတ်လိုတ်ရင်ဖြစ်သွားမှာပါ။

ရယူသုံးစွဲခြင်း
Live CD တွေကတော့ များစွာရှိပါတယ် ဘယ်လောက်တောင်လဲလို ဒီ LiveCD List မှာသွားရောက်ကြည်ရူပါ။

Ubuntu Download
File Size 700MB ကျော်
CDပြုလုပ်ခြင်း
ရလာတဲ့ဖိုင်ကတော့ ISO ဖိုင်ပါ CD Burn ဖိုအတွတ် Windows7 မှာဆိုရင်တော့ DoubleClick နှင့်အဆင်ပြေသွားနိုင်တယ် Window XP မှာဆိုရင်တော့ ကိုသန်ဇင်ဌေး ဒီနေရာမှာရေး ထားပြီးသားရှိတယ်သွားဖတ်လိုတ်ပါ။
USB Momeny Stick မှာအသုံးပြုခြင်း
USB stick အတွတ် ဒီ www.pendrivelinux.comကိုအသုံးပြုရပါမယ်။
(၁)ရရှိလာပြီဆိုရင်တော့ DropDown List ကိုယ်ဒေါင်းလုပ်ဆွဲထားတဲ့ Version ကိုရွေးချယ်ပေးပါ။
  (၂) Browse ကိုနှိပ် ၍ ကိုယ်ဒေါင်းလုပ် ဆွဲထားတဲ့ ISO ဖိုင်ကိုရွေးချယ်ပေးပါ။

  (၃) USB drive ကိုရွေးချယ်ပေးပြီး Create ကိုနှိပ်လိုတ်ရင်ရပါပြီ။





Kasperkay Rescue Disk 10 Download
File Size 200MB ကျော်
CDပြုလုပ်ခြင်း
ISO ဖိုင်ပဲရရှိမှာမို့ CD Brun လိုတ်ရင်အဆင်ပြေပါတယ်။
USB Momeny Stick မှာအသုံးပြုခြင်း
ဒီ Utility to record Kaspersky Rescue Disk 10 to USB devices ကိုအသုံးပြုရပါမယ်။
(၁) rescue2usb ကို Run ပြီး Browse ကနေ ကိုယ်ဒေါင်းလုဒ် ဆွဲထားတဲ့ ISO ဖိုင်ကိုရွေးပေးပါ။


 (၂) USB drive ကိုရွေးပြီးတော့ Start ကိုနှိပ်ပေးလိုတ်ရင်ရပါပြီ။

Kaspersky Rescue Disk အသုံးပြုပုံ အသေးစိတ်ရေးထားတာ ဒီမှာသွားဖတ်နိုင်ပါတယ်။


Hiren's Boot CD Download
File Size 400MB ကျော်
Hiren’s Boot CD ကတော့ တော်တော်အသုံးဝင်တဲ့ Tools ပေါင်းများစွာပါဝင်ပါတယ်။Version တခုပြောင်းတိုင်းအသစ်ထပ်ထည့်တဲ့ Toolsတွေနဲ့ Updateထပ်လုပ်တဲ့ Listကိုဒီမှာဖတ်လိုရပါတယ်။ လက်ရှိ Version 15.1 ပါ။ Download ဆွဲလို ရရှိလာမယ် zip ဖိုင်ကိုဖြည်လိုတ်ရင် ISO ဖိုင်တစ်ခုရယ်။ ကိုယ်ကျွမ်းကျင်သလို Software တွေထပ်ထည့်နိုင်မယ် Toolsတွေပါဝင်ပါသေးတယ်။
CDပြုလုပ်ခြင်း
(၁)Zip ဖိုင်ဖြည်ထားတဲ့ အထဲမှာ BurnCDCC.exe ဆိုတာလေးRun လိုတ်ပါ။
(၂)Browse ကနေ Hire BootcCD ISO ဖိုင်ကိုရွေးချယ်ပေးလိုတ်ပါ။
(၃) ရွေးချယ်ပြီးလို Start ကို နှိပ်လိုတ်ရင်တော့ Hiren Boot CD တစ်ချပ်ရရှိပြီပေါ့။
Hiren boot cd မှာပါတဲ့ Operating System က Window XP ဆိုတော့ အသုံးပြုရတာ လွယ်တယ်လေ။ အသုံးပြုပုံကို ဒီမှာ ဖတ်ကြည်နိုင်ပါတယ်။

USB Momeny Stick မှာအသုံးပြုခြင်း
Momeny stick ကနေအသုံးပြုဖို့အတွတ်pendrivelinuxကိုပဲအသုံပြုရင်ရပါတယ်။

0 comments:

Post a Comment