Monday, June 25, 2012
ကံတရား၏ အကျိုးပေးချိန်သဘောသဘာဝ-မင်းနန် (မော်ကျွန်း)
ကောင်းမှုပြုသော သူပင်ဖြစ်သော်လည်း မိမိပြုသော ကောင်းမှုအကျိုးမပေးသေးသမျှ
မကောင်း ကျိုး နှင့် တွေ့ ရသေး၏။ ကောင်းမှုအကျိုးပေးသော အခါ
ထိုကောင်းမှုပြုသောသူသည် ကောင်းကျိုးချမ်း သာနှင့် တွေ့ရ၏။
မကောင်းမှုပြုသော သူပင်ဖြစ်သော်လည်း၊ မိမိပြုသော မကောင်းမှုအကျိုးမပေးသေးသမျှ
ကောင်း ကျိုး နှင့် တွေ့ရသေး၏။ မကောင်းမှုအကျိုးပေးသော အခါ
ထိုမကောင်းမှုပြုသောသူသည် မကောင်းကျိုး ဆင်း ရဲဒုက္ခနှင့်တွေ့ရ၏။
(ဓမ္မပဒ၊ ပါပ၀ဂ်)
ဗုဒ္ဓဘာသာဝင်တို့သည် ရတနာသုံးတန်နှင့် ကံ၊ ကံ၏ အကျိုးကို...
Saturday, June 23, 2012
ဘကြီးအောင်ညာတယ်
“အရှေ့ကျောင်းသား သူတောင်းစား၊ လည်ပေါ်ကျောင်းသား အကောင်းစား၊
ကျောက်မီးသွေးမို့မည်းသကို၊ တို့ကျောင်းသားမို့ ရဲသကို၊ ဟေ့လာမောင်ရို့
ဝါး” ဟု အားရပါးရ ဆူညံစွာအော်ဟစ်ပြေးလွှားလာကြသော ကလေးတစ်စုသည်ကား
လည်ပေါ်ဘုန်းကြီးကျောင်းသားကလေးများ ဖြစ်ကြ၏။ ၄င်းတို့၏ ကျောဘက်
တင်းချလယ်တစ်ကွက်လောက် အကွာတွင်ချည်လုံချည်ကို ပျာတာကွင်းသိုင်း၍
သင်တိုင်းအင်္ကျီကို လျော့ရိလျော့ရဲဝတ်လျက်
ခေါင်းငိုက်စိုက်နှင့်တစ်လှမ်းချင်း လာနေသော မောင်ချစ်သည် “ဧဝံ မေသုတံ ဧကံ
သမယံ”ဟု တတွတ်တွတ်ရွတ်လျက်ရှိ၏။...
အာရောဂျံ လူမှုကူညီရေးအသင်းကြီး

အာရောဂျံ လူမှုကူညီရေးအသင်းကြီး၏
"မွန်မြတ်လှစွာသော
လူ့အသက်ကယ်တင်ခြင်း အလှူတော်ကြီးတွင် သင်လည်း ဝေစု ပါဝင်နိုင်ပြီ"
မော်လမြိုင်ကျွန်းမြို့၏ မြို့မိမြို့ဖများဦးဆောင်ပြီး
ဇာတိမြို့ကောင်းကျိုးဆောင်ရွက်ရန် စိတ်အားထက်သန်သောမြို့သူမြို့သားများ၏ညီညွတ်သောစုပေါင်းအားဖြင့်
"အာရောဂျံ လူမှုကူညီရေးအသင်း”ကြီးကို စနစ်တကျ တရားဝင်ဖွဲ့စည်းပြီးကောင်းမွန်သော
စီမံခန့်ခွဲမှုဖြင့်ရေရှည် ခိုင်မာတည်တံ့သောအဖွဲကြီးအဖြစ် မြို့သူမြို့သားများ၏ ကျန်းမာရေး၊ပညာရေး၊လူမှုရေး
လိုအပ်ချက်များကို...
Sunday, June 10, 2012
Live CD ဆိုတာ

ရေးချင်တာတွေကတော့ အများကြီးဘဲ ဟိုဟာလည်းရေးချင်၊ဒီဟာလည်းရေးချင် အဲလိုဖြစ်နေတယ်။ရေးမယ်လို လုပ်တော့ ဘာမှမသိတော့ဘူး ကောင်းရော့ ....
အကျိုးရှိမယ် ထင်လို ဒီ Live CD အကြောင်း ကို မဖြစ်ဖြစ်အောင်ရေးပြီးတင်လိုတ်ပါတယ်။
Live CD ဆိုတာဘာလဲ
Live CD ဆိုတာ ကတော့ Operating System
တစ်ခုလုံးကို အသုံပြုလိုရအောင် CD ချပ်လေးထဲမှာ
ထည့်ထားတာလိုပြောလိုရပါတယ်။ OS တွေမှာ Windows ထည့်ထားတာတွေရှိသလို၊ Linux
ကိုအခြေခံDistro ဖြစ်သော Ubuntu, Fedora စသည့် Distro များစွာရိ...